ပြီးပြည့်စုံပြီး ခမ်းနားတဲ့ အိမ်တစ်အိမ်ကို ဖန်တီးရာမှာ ပရိဘောဂတွေ ဖြည့်တင်းရုံသက်သက်နဲ့ မလုံလောက်ပါဘူး။ စစ်မှန်တဲ့ Luxury Living Style ဆိုတာ သက်တောင့်သက်သာရှိမှု၊ အရည်အသွေးမြင့် Material၊ လက်ရာမြောက်တဲ့ Design နဲ့ အိမ်ရဲ့ အပြင်အဆင် အားလုံး လိုက်ဖက်ညီမှုတို့ အပေါ်မှာ မူတည်ပါတယ်။ သင့်အိမ်ရဲ့ ဧည့်ခန်းနဲ့ အိပ်ခန်းအတွက် Luxury ပရိဘောဂ ရှာဖွေနေတယ်ဆိုရင် Sweety Home ရဲ့ Premium Luxury Furniture Collection ဖြစ်တဲ့ Vacilia နဲ့အတူ ဘယ်လိုရွေးချယ် အလှဆင်နိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။
၁။ ခမ်းနားထည်ဝါသော ဧည့်ခန်းအပြင်အဆင်ကို ဖန်တီးပါ
ဧည့်ခန်းဟာ အိမ်တစ်အိမ်ရဲ့ အဓိက မျက်နှာစာဖြစ်ပါတယ်။ Sofa Set၊ Center Table၊ Coffee Table နဲ့ Chair တွေကို ရွေးချယ်တဲ့အခါ အခန်းရဲ့ အကျယ်အဝန်းနဲ့ မိသားစု အသုံးပြုမှုပုံစံကို အဓိက ထည့်သွင်းစဉ်းစားသင့်ပါတယ်။
အခန်းအတိုင်းအတာနှင့် ကိုက်ညီသော အရွယ်အစား
ဆိုဖာမရွေးချယ်မီ အခန်းအတိုင်းအတာ၊ တံခါးဖွင့်ရာနေရာ၊ လမ်းလျှောက်သွားလာရန်နေရာနှင့် အသုံးပြုမည့်သူ အရေအတွက်ကို ထည့်သွင်းစဉ်းစားပါ။ အခန်းသေးလျှင် နေရာအများကြီးမယူသော Sofa ကို ရွေးချယ်ပြီး၊ အခန်းကျယ်လျှင် 3-Seater၊ L-Shape သို့မဟုတ် Full Sofa Set ကို စဉ်းစားနိုင်ပါသည်။
တစ်ခန်းလုံး လိုက်ဖက်သော Set
ကျိုက္ကဆံ Living Mall တွင် ပြသထားသော Vacilia Classic Sofa Set တွင် ၄ ယောက်ထိုင်၊ ၂ ယောက်ထိုင်နှင့် ၁ ယောက်ထိုင် ဆိုဖာများ၊ Center Table တစ်လုံးနှင့် Coffee Table နှစ်လုံး ပါဝင်ပြီး ဧည့်ခန်းတစ်ခုလုံးကို တစ်ပုံစံတည်း လိုက်ဖက်စေပါသည်။
Classic & Modern Design
Vacilia တွင် Classic နှင့် Modern Design နှစ်မျိုးစလုံး ရှိပြီး Modern အိမ်များအတွက်သာမက Classic၊ Contemporary နှင့် Luxury Interior ပုံစံများအတွက်ပါ ရွေးချယ်နိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်: ဆိုဖာရွေးချယ်နည်း အသေးစိတ်ကို အသင့်တော်ဆုံး ဆိုဖာ (Sofa) ရွေးချယ်နည်း လမ်းညွှန် နှင့် ၂၀၂၆ အိမ်တွင်းအလှဆင် ဒီဇိုင်းရေစီးကြောင်းများ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
၂။ Luxury ပရိဘောဂ ဖြင့် အေးချမ်းသော အိပ်ခန်းကို ပုံဖော်ပါ
တစ်နေ့တာ ပင်ပန်းသမျှကို အနားယူမယ့် အိပ်ခန်းကို သေသပ်လှပပြီး ဇိမ်ခံမှုအပြည့်အဝ ရရှိစေဖို့ အိပ်ခန်းသုံး ပရိဘောဂများကို Set လိုက် ညှိနှိုင်းရွေးချယ်သင့်ပါတယ်။

ပြီးပြည့်စုံသော Bed Set များ
Vacilia ၏ Bed Set တစ်စုံတွင် ပုံမှန်အားဖြင့် ကုတင်တစ်လုံးနှင့် Night Stand (၂) လုံး ပါဝင်ပြီး၊ အချို့ Set များတွင် ကုတင်ခြေရင်းထိုင်ခုံ (Bed Stool) ပါ ပါဝင်ပါသည်။ (Set အလိုက် ပါဝင်ပစ္စည်းများ ကွာခြားနိုင်ပါသည်)
မွေ့ရာနှင့် Customized ဗီရိုများဖြင့် တွဲဖက်ပါ
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ရန် ခါးနာသက်သာစေမယ့် အကောင်းဆုံးမွေ့ရာများ နှင့် အခန်းနေရာလပ်မကျန် အသုံးချနိုင်မည့် စိတ်ကြိုက်ပရိဘောဂ (Customized Furniture) ဗီရိုများ ကိုပါ တွဲဖက်ရွေးချယ်နိုင်ပါသည်။
၃။ အရောင်အသွေးနှင့် Material အရည်အသွေးကို စစ်ဆေးရွေးချယ်ပါ
Vacilia ၏ Model တစ်ခုချင်းစီအလိုက် အသုံးပြုထားသော Material၊ Upholstery နှင့် Surface Finish တို့ ကွာခြားနိုင်ပါသည်။
အိမ်အပြင်အဆင်နှင့် လိုက်ဖက်ညီမှု
နံရံအရောင်၊ ကြမ်းခင်းအရောင်၊ လိုက်ကာ (Curtain) နှင့် ရှိပြီးသား Furniture များကို ကြည့်ပြီး လိုက်ဖက်မည့် Color နှင့် Design ကို ရွေးချယ်ပါ။
Material Sample ကို ကိုယ်တိုင် စစ်ဆေးပါ
မဝယ်ယူမီ Product Specification နှင့် Material Sample ကို ကြည့်ရှုပြီး Leather၊ Fabric၊ Wood Finish သို့မဟုတ် Metal Detail ပါဝင်မှုကို စစ်ဆေးပါ။
၄။ Furniture မဝယ်ယူမီ ကြိုတင်တိုင်းတာရမည့် အချက်များ
အရွယ်အစားကြီးသော Luxury Furniture များကို အိမ်အရောက် သယ်ယူတပ်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရန် အောက်ပါအချက်များကို ကြိုတင်ပြင်ဆင်ထားပါ-
✅ Furniture ထားမည့်နေရာ: ထားရှိမည့်နေရာ၏ အလျား၊ အနံ၊ အမြင့်ကို တိုင်းတာပါ။
✅ ဝင်ထွက်လမ်းကြောင်းများ: တံခါးပေါက်၊ လှေကားနှင့် ဓာတ်လှေကား (Lift) အကျယ် ကို ကြိုတင်တိုင်းတာ စစ်ဆေးထားပါ။
✅ ကွန်ဒို/Apartment တွင် နေထိုင်ပါက: Building Management နှင့် ပစ္စည်းသွင်းမည့်အချိန်နှင့် Lift အသုံးပြုခွင့်ကို ကြိုတင်ညှိနှိုင်းထားပါ။
Sweety Home တွင် Vacilia Luxury ပရိဘောဂ များကို လာရောက်လေ့လာပါ
သင့်အိမ်ရဲ့ ဧည့်ခန်းနဲ့ အိပ်ခန်းကို Premium Living Style အဖြစ် အဆင့်မြှင့်တင်ဖို့ အဆင်သင့်ဖြစ်ပြီလား? အရည်အသွေးမြင့် Material နဲ့ သက်တောင့်သက်သာရှိမှုကို ကိုယ်တိုင်ထိတွေ့ စမ်းသပ်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
📍 Luxury Furniture Showroom
Sweety Home ကျိုက္ကဆံ Living Mall (၇) ထပ် တွင် Vacilia ကို လာရောက်ကြည့်ရှုနိုင်ပါသည်။ အလုံ၊ သာကေတ နှင့် မန္တလေး (၃၅ လမ်း) ရှိ Sweety Home Showrooms သို့လည်း လာရောက်နိုင်ပြီး မလာမီ ပြသထားသော Vacilia Model များကို ဖုန်းဖြင့် ကြိုတင်မေးမြန်းပါ။
📞 ဈေးနှုန်း၊ Stock နှင့် Promotion စုံစမ်းရန်
သင်ကြိုက်နှစ်သက်သော Product Photo သို့မဟုတ် Model Name ကို 09 977 635 296 သို့မဟုတ် Sweety Home Official Facebook Page Chat Box သို့ ပေးပို့ပြီး လက်ရှိဈေးနှုန်း၊ Stock နှင့် Promotion များကို အတည်ပြုနိုင်ပါသည်။
💳 ငွေပေးချေမှု
KBZ Banking/KPay၊ AYA Banking/AYA Pay၊ Wave Pay၊ MPU၊ Visa နှင့် QR Payment App များဖြင့် ပေးချေနိုင်ပြီး မန္တလေးဆိုင်များတွင် CB Banking ဖြင့်လည်း ပေးချေနိုင်ပါသည်။


