ဒီနေ့မှာတော့ မိမိတို့ရဲ့ အိပ်ရာခင်းပေါ်ကစွန်းပေနေတဲ့ အစွန်းလေးတွေကို အလွယ်တကူဖယ်ရှာပေးဖို့ နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။ အစွန်းအမျိုးအစားပေါ်မူတည်ပြီး အစွန်းချွတ်နည်းလေးတွေ ကွဲလွဲနိုင်ပါတယ်။

ဒါကြောင့် အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့အစွန်းအထင်းလေးတွေ ဖယ်ရှားနည်းများကိုပဲ ယေဘုယျအားဖြင့် မျှဝေပေးသွားမှာဖြစ်ပါတယ်။

(၁) အစွန်းအထင်းများကို ရေအေးအေးလေးထဲမှာ အရင်ဦးဆုံးစိမ်ပေးထားခြင်းက အစွန်းထင်းပေနေတဲ့ ပမာဏကိုအတိုင်းအတာတစ်ခုအထိလျော့ချပေးနိုင်ပါတယ်။

(၂) အမဲဆီကဲ့သို့အစွန်းများကို ပန်းကန်ဆေးဆပ်ပြာအသုံးပြု၍ အစွန်းချွတ်ပေးနိုင်ပါတယ်။

(၃) ဝိုင်၊ ကော်ဖီ စတဲ့ အစွန်းအထင်းတွေကိုတော့ အစွန်းချွတ်ဆေးအသုံးပြု၍ သော်လည်းကောင်း၊ မုန့်ဖုတ်ဆိုဒါနဲ့ရေရောစပ်ပြီးသော်လည်းကောင်း အစွန်းချွတ်ပေးနိုင်ပါတယ်။ (Hydrogen peroxide (သို့) Vinegar အသုံးပြု၍ရသော်လည်း ၄င်းကအဖြူရောင်အစွန်းတွေချွတ်ဖို့ အတွက်ပဲ အဓိကရည်ရွယ်ပါတယ်)

(၄)မှင်နဲ့ မိတ်ကပ်ကဲ့သို့အစွန်းများကိုတော့ အရက်ပျံလေးကို အဝတ်ပါးစလေးနဲ့ သုတ်ပေးလို့ရပါတယ်‌။ အစွန်းချွတ် Material များအသုံးပြုပြီးသွားလျှင် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထားပေးပါ။ ပြီးတဲ့အခါမှသာ အိပ်ရာခင်းလေးတွေကိုလျှော်ဖွပ်ပေးရပါမယ်။

ဒီလောက်ဆိုရင်တော့ မိမိရဲ့ အိမ်မှာရှိတဲ့အိပ်ရာခင်းလေးတွေပေါ်က အစွန်းအထင်းတွေကို အိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ အစွန်းချွတ်ပေးလို့ရမယ်လို့ထင်ပါတယ်။