1.အကြောလျော့ လေ့ကျင့်ခန်းပြုလုပ်ခြင်း

ညင်သာစွာ ဆန့်ထုတ်သည့် လေ့ကျင့်ခန်းများသည် သင့်နောက်ကျောကို ပျော့ပြောင်းစေပြီး တောင့်တင်းမှုကို လျှော့ချပေးနိုင်ပါသည်။

2.ခန္ဓာကိုယ်အနေအထား မှန်ကန်စွာနေထိုင်ခြင်း

အချိန်အကြာကြီး ထိုင်နေရသည့်အလုပ်ဖြစ်ပါက မိမိခန္ဓာကိုယ်အတွက် သက်တောင့်သက်သာရှိစေသော ထိုင်ခုံ၊ အသုံးပြုသင့်ပြီး မိမိထိုင်သည့်ပုံစံ အနေအထားကို သတိထားပေးသင့်ပါသည်။

ကြာကြာထိုင်နေရာမှ ရံဖန်ရံခါမတ်တပ်ရပ်ပေးခြင်းနှင့် ခြေ၊ လက်မြှောက်ပေးခြင်းတို့သည် သင့်နောက်ကျောကို ညောင်းညာခြင်းနှင့်ခါးနာခြင်းမှ ကာကွယ်နိုင်ပါသည်။

3.အထောက်အကူပြုဆေးဝါး မှီဝှဲခြင်း

ခါးနာခြင်းကိုသက်သာစေသည့်ဆေးဝါး မှီဝှဲခြင်းကလည်း ခါးနာခြင်းကိုသက်သာဖို့အတွက် အထောက်အကူ ဖြစ်စေပါသည်။

4.အလေးအပင်မခြင်းများ ရှောင်ကျဉ်ခြင်း

အလေးအပင်မခြင်းက ခါးနာခြင်းကိုပို၍ဆိုးရွားစေနိုင်သောကြောင့် ခါးနာတတ်သူများအနေဖြင့်
အလေးအပင်မခြင်းများကို ရှောင်ရှားပေးရပါမည်။

5.မွေ့ရာအမျိုးအစား မှန်ကန်စွာ‌‌ရွေးချယ်ခြင်း

မိမိအသုံးပြုနေသည့် မွေ့ရာအမျိုးအစားပျော့လွန်း၊ မာလွန်းလျှင်လည်း ခါးနာတတ်ပါသည်။ ထို့ကြောင့် မွေ့ရာအမျိုးအစားမှန်ကန်စွာ ရွေးချယ်တတ်ခြင်းသည်လည်း အလွန်အဓိကကျပါသည်။

ခါးနခြင်းသည် ပုံမှန်ခါးနာခြင်းမျိုးမဟုတ်ပဲ အလွန်အမင်းကြာရှည်စွာခါးနာခြင်းမျိုး ဖြစ်လာခဲ့လျှင် ဆရာဝန်နှင့်ပြသပြီး သေချာစွာကုသသင့်ပါသည်။