1.သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးပါ

𝗙𝘂𝗿𝗻𝗶𝘁𝘂𝗿𝗲 တွေပေါ်မှာ ဖုန်မှုန့်တွေရှိနေနိုင်တာကြောင့် နူးညံ့တဲ့အဝတ်ပါးစလေးနဲ့ ဖုန်မှုန့်တွေကို ပုံမှန်ရှင်း လင်းပေးသင့်ပါတယ်။

2. 𝗙𝘂𝗿𝗻𝗶𝘁𝘂𝗿𝗲 များကို နေရောင်ခြည် တိုက်ရိုက်မထိတွေ့နိုင်အောင် ထားရှိပါ
နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့ခြင်းက 𝗙𝘂𝗿𝗻𝗶𝘁𝘂𝗿𝗲 တွေကိုအရောင်တွေမှိန်စေပြီး အလျင်အမြန်ပျက်စီး စေဖို့ပိုမိုလွယ်ကူပါတယ်။ ဒါကြောင့်မို့ နေရောင်ခြည်တိုက်ရိုက်မရောက်ရှိနိုင်တဲ့နေရာမှာ 𝗙𝘂𝗿𝗻𝗶𝘁𝘂𝗿𝗲 တွေကိုထားရှိတာ (သို့မဟုတ်) လိုက်ကာထားရှိပြီး နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့အောင် ပြုလုပ် ထားသင့်ပါတယ်။

3.ရေမစိုအောင် ဂရုစိုက်ထားရှိပါ

မိုးရေစက်ကျခြင်း၊ ရေစိုခြင်းက 𝗙𝘂𝗿𝗻𝗶𝘁𝘂𝗿𝗲 တွေအပေါ် အစွန်းအကွက်များဖြစ်ပေါ်နိုင်ခြင်းနှင့်အတူ သစ်သား 𝗙𝘂𝗿𝗻𝗶𝘁𝘂𝗿𝗲 တွေမှာဆိုရင် အသားပွတက်လာခြင်း၊ မှိုတက်ခြင်း၊ အနံ့ထွက်ခြင်းတွေအပြင် သံထည် 𝗙𝘂𝗿𝗻𝗶𝘁𝘂𝗿𝗲 များတွင် သံချေးတက်ခြင်း စသည်ဖြင့် ဖြစ်ပေါ်လာနိုင်ပါတယ်။

4.အခင်းအောက်ခံလေးတွေ အသုံးပြုပေးပါ

စားပွဲခုံ၊ ထိုင်ခုံ၊ ဗီရိုလေးတွေရဲ့အောက်ခြေမှာ ကော်ဇောလိုအခင်းလေးတွေထားရှိပေးခြင်းက ကြမ်းပြင်နဲ့ တိုက်ရိုက်ထိတွေ့တာကိုမဖြစ်စေတော့တဲ့အတွက် 𝗙𝘂𝗿𝗻𝗶𝘁𝘂𝗿𝗲 တွေရဲ့ အောက်ခြေနဲ့ကြမ်းပြင်မှာအစင်းရာပွန်းရာ ဖြစ်ခြင်းတွေကိုလျော့ချနိုင်မှာပါ။

5.𝗙𝘂𝗿𝗻𝗶𝘁𝘂𝗿𝗲 𝗣𝗼𝗹𝗶𝘀𝗵 သုတ်ပေးပါ

အလွယ်တကူကွဲအက်ခြင်း၊ ကွာထွက်ခြင်းတွေကနေကာကွယ်နိုင်အောင် 𝗙𝘂𝗿𝗻𝗶𝘁𝘂𝗿𝗲 တွေအပေါ် အမျိုးအစား အပေါ်မူတည် ပြီးသစ်သားဆိုရင်သစ်သား 𝗣𝗼𝗹𝗶𝘀𝗵 တင်ပေးတာမျိုး၊ 𝗟𝗲𝗮𝘁𝗵𝗲𝗿 ဆိုရင်လည်း 𝗟𝗲𝗮𝘁𝗵𝗲𝗿 𝗣𝗼𝗹𝗶𝘀𝗵 သုတ်ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

အခုလိုနည်းလမ်းတွေနဲ့ မိမိတို့အိမ်မှာရှိတဲ့ 𝗙𝘂𝗿𝗻𝗶𝘁𝘂𝗿𝗲 လေးတွေကို ဂရုစိုက်ထိန်းသိမ်းလို့ရပါတယ်။